Your Ad here ...



Product ...

Services ...

Other things ...



Locations of visitors to this page
Name:
Location: Yangon, Myanmar (Burma)

ရေပွတ်ပမာခဏတာဆိုတဲ့ဘဝလေးကို အမုန်းတရားတွေမရှိ ပျော်ရွှင်စွာနဲ့ဖြတ်သန်းချင်တယ်.....














Downloads
Technology News
Templates
Web Hosting
Articles
Games
Blogger
Google



Blogger

FinalSense

Amazon

Yahoo

Ebay

Sunday, March 4, 2007
၁၄ ဖေဖော်ဝါရီ
ညီမလေး ...
မင်းလေးကို ထာဝရချစ်ဖို့
စိတ်ကူးယဉ်ပြီး ချစ်ခဲ့ပေမဲ့
ငါပိုင်ဆိုင်လိုက်ရတာ
ရှုံးနိမ့်ခြင်းတွေပါကွာ....
ချစ်သူများနေ့ မှာချစ်သူစုံတွဲတွေ
ပျော်ရွှင်နေတာ ကြည့်ပြီး
ငါဘယ်လောက်အထီးကျန်ခဲ့တာ
မင်းမသိဘူး. . .
ညီမလေး မင်းကတော့
ချောင်းကိုပစ်လို့ မြစ်ကိုရှာ
တခြားသူရင်ခွင်ထဲမှာ
ရေလည်းများ ငါးလည်းများပါစေလို့
ကိုယ်ဆုတောင်းနေမယ်
ညီမလေး.............
သာလှ

ဆု
ပြိုင်ပွဲတိုင်း ငါဆွတ်ခူးခဲ့တဲ့ ဆုတွေက
ထာဝရအရှုံးဆုတွေပါ ကလေးရယ်
အရှုံးဆိုတာ ငါ့အတွက်တမင်ချန်ထားတဲ့
ဆုလာဘ်တွေလား .....???
Saturn ကငါ့ကို
ပြိုင်ပွဲတွေမှာနောက်ကောက်ကျအောင်
တမင်ဖန်တီးထားတာလား ....???
Aqurious ရာသီဖွား ငါဟာ
Aqurious လို ချစ်ကံခေခဲ့ပြီလား ...???
ညီမလေး . . . . . .
မင်းလေးကိုဆုံးရှုံးခဲ့ရတာ
ငါ့အတွက် နောက်ထပ်ဆုံးရှုံးစရာမရှိတော့အောင်
ထာဝရရှုံးနိမ့်ခဲ့ရတာပါ
ကလေးရယ် . . . .
သာလှ


တိမ်တွေလို
ဖေဖော်ဝါရီ တစ်ရက်မှာ
ဟက်တက်ကျကွဲခဲ့တဲ့ ငါ့နှလုံးသားက
အချစ်ကို တန်ဖိုးမထား တဲ့မိန်းမတစ်ယောက်အတွက်နဲ့
မလွမ်းချင်ဘူးလို့ စိတ်တင်းထားပေမဲ့
အပြင်မှာပူနေတဲ့ နွေဦးအပူထက်
ရင်ထဲကအလွမ်းပူတွေက
ရေဆူမှတ်ထက် ကျော်ကုန်ပြီ
တိမ်တွေလို အရောင်ပြောင်းပြီး
ပျောက်ကွယ်သွားတတ်တဲ့
မင်းအချစ်တွေလိုမျိုး
မိန်းမတွေနဲ့ ဘ၀ဆက်တိုင်း
မတွေ့ပါရစေနဲ့ကွယ် .......
သာလှ

အိမ်မက်ကျိုး
ခပ်မှိန်မှိန် မျှော်လင့်ချက်တစ်ခုကို
ဖက်တွယ်ရင်းနဲ့ပေါ့
မင်းလေးကို မ၀ံမရဲ
ချစ်ခဲ့တယ် . . . .
မင်းလေးရဲ့ ခင်မင်မှု့တွေကို
အတိတ်ကောက်မှားခဲ့တာ
အခုမှသိခဲ့ရတယ်
ကလေးရယ် . . . .
အခုတော့ငါ့ရဲ့
မျှော်လင့်ချက်အိမ်မက်တွေ ပြိုကျပျက်စီး
ငါ့ အသည်းနှလုံးတွေ ကြွေ ပြုန်းခဲ့ရပြီ
ညီမလေးရယ် . . . . . . . . .
သာလှ မင်းအတွက်
မလွမ်းဘူးလို့ ငါထင်ပေမဲ့
နဲနဲတော့ လွမ်းမိတာပဲ
ရင်ထဲကအလွမ်းတွေ ပြည့်ကျပ်လာလို့
စာရွက်ပေါ် ခုန်ပေါက်ပြီး
ဒီကဗျာတွေရေးဖြစ်တာပဲ
ညီမလေး . . . . .
လွတ်သွားတဲ့ငါးကပိုကြီးသတဲ့
ငါ့မှာတော့ မိဘူးတဲ့
ငါးမှ မရှိတာပဲ . . . .
ချစ်တယ်လို့ပြောတဲ့
ယောက်ကျားတိုင်း
အချစ်စစ်လို့မင်းထင်ရင်
တံလျှပ်ကို ရေထင်
ရွှေသင်မင်အလိုက်မှားသလို
မင်းဘ၀လည်း ရေစုန်မျောမှာပဲ
ညီမလေး . . . . . . .
သာလှ

ကျေးဇူးတင်လွှာ

ကြေကွဲမှု့ကဗျာများ ဖြစ်မြောက်အောင် ကျွန်တော့်အသည်းအား ခွဲခဲ့သော “တရုတ်မ” အားလည်းကောင်း၊
စာများရိုက်ပေးသော ဗိုက်ပူအားလည်းကောင်း၊ တောက်တိုမယ်ရ လုပ်ကိုင်ပေးကြသော ပုံတုံး ၊ သာအေး နှင့်
ကျေးဇူးတင်ထိုက်သူ အားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း . . .

သာလှ

Labels:

0 Comments:

Post a Comment

<< Home