Tuesday, May 22, 2007
သစ္စာရေတွေဘယ်ရောက်သွားပြီးလဲ.....?
တစ်တုန်းက အထက်အညာက ရွာလေးတစ်ရွာမှာ ချစ်သူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်လောက်အောင်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ်တဲ့။ ကောင်ကလေးက နဲနဲဆင်းရဲတယ်တဲ့ တစ်နေ့တော့  .......... ကောင်မလေးက "အမောင်ရယ် နှမကိုတစ်ကယ်ချစ်ရင် အတူနေဖို့ အသပြာရှာရမယ် " "အဖ ကလည်းတင့်တောင့်တင့်တယ် တင်တောင်းနိုင်ရင် အမောင့် ကိုသဘောတူတယ်တဲ့ " "အမောင်ရယ် အလုပ်လေးဘာလေး ရှာ ပါအမောင်ရယ်" ကောင်းကလေး "ဒီလိုဆိုရင်းလည်း အလုပ်ရှာရမှာပေါ့လေ " ဒီလိုနဲ့ကောင်ကလေးဟာ ကောင်မလေးကို မခွဲနိုင်မခွာရက်နဲ့ ရွာထိပ်က ထုံးဖြူဖြူစေတီလေးကို သွားပြီး..... ကောင်မလေး "ဒီဘ၀မှာ အမောင်ကလွှဲပြီး ဘယ်ယောင်္ကျားမှ မယူဘူး ....ယူခဲ့ရင်ဘာဖြစ်ပါစေညာဖြစ်ပါစေပေါ့" ကောင်ကလေး "ဒီဘ၀မှာ နှမ ကလွှဲပြီး ဘယ်မိန်းမ မှ မယူဘူး....ယူခဲ့ရင်ဘာဖြစ်ပါစေညာဖြစ်ပါစေပေါ့" ဆိုပြီး ဘုရားကိုတိုင်တည်းပြီး သစ္စာရေသောက်ကြတာပေါ့။ ကောင်ကလေးဟာ အောက်ပြည်အောက်ရွာသွားပြီး သုံးနှစ်သုံးမိုး နေပူမရှောင်မိုးရွာမရှာင်နဲ့ အလုပ်ကိုကြိုးစားပြီး ပိုက်ဆံရှာတော့တာပေါ့။ အတော်အတန်စုဆောင်း မိတော့ မိန်းမပြန်ယူမယ်ဆိုပြီး အပြေးအလွှား ပြန်လာတာပေါ့ ။ ရွာရောက်တော့ ဟိုကယောင်္ကျားရနေပြီ... အင်းဒီကောင်မတော့ သစ္စာဆိုထားတဲ့ကိစ္စမေးရမယ် ....ဆိုပြီး လူအလစ်ကိုလိုက်ချောင်းနေတာ...... တစ်နေ့တော့.....ရေခပ်တဲ့လမ်းမှာနှစ်ယောက်ချင်းတွေ့တော့ ...... ကောင်ကလေး "ဟိတ်နေအုံး... ငါတို့ဘုရားမှာသောက်ထားတဲ့သစ္စာရေတွေ ဘယ်ရောက် သွာတာလဲ.....? ကောင်မလေး " သစ္စာရေတွေလား...? သေးဖြစ်သွားပြီလေ...... " (ဒီလိုပဲ သစ္စာရေတွေ သေးဖြစ်သွားတယ်ဆိုတဲ့ မိန်းတွေလောကမှာ အများကြီးရှိတယ်ဗျို့ ......မယုံမရှိနဲ့ ကိုယ်တွေ့ဗျို့....... ) Tharhla |
posted by TharHla at 3:11 AM
