Tuesday, November 27, 2007
Name Baby
အရင်တစ်လောက အစ်မတစ်ယောက်သားကလေးဖွာမြင်လို့ ရန်ကုန်က နာမည်ကြီးဗေဒင်ဆရာတစ်ယောက်ဆီမှာနာမည် ကင်ပွန်းတပ်ရန် နေ့သင့်နံသင့်အမည်မှည့်ခ ငါးထောင်ကျော် တောင်ပေးရသတဲ့။အံရော….။ နေ့သင့်နံသင့်အမည်ပေးခြင်းအကြောင်းကိုလေ့လာ ကြည့်လိုက်တော့……ဟောတွေ့ပါပြီ။ လက်စသတ်တော့ ဗုဒ္ဓဘာသာပြင်ပဗြဟ္မပုဏ္ဏားတို့၏လက်ချက်တွေပါပဲ။၎င်းတို့ ကပဲ နေ့နံအလိုက်အမည်ပေးခြင်း၊ ဇာတာဖွဲ့ခြင်းတို့ကိုတီ ထွင်ခဲ့ကြတာပါပဲ။ဗြဟ္မပုဏ္ဏားတိုသည်ဂြိုလ်ကြီးရှစ်လုံးသည် လူတို့၏ကံကြမ္မာကိုဖန်တီးကြသည်ဟုယူဆထားကြသည်။ ဤဂြိုလ်ကြီးရှစ်လုံးတို့သည် မည်သည့်ခေတ်က မြန်မာ အက္ခရာ များကို ခွဲတမ်းချယူလိုက်သည်မသိ။ က၊ခ၊ဂ၊ဃ၊င…….တနင်္လာ စ၊ဆ၊ဇ၊ဈ၊ည……အင်္ဂါ . . . အ…………….တနင်္ဂနွေ ဖော်ပြပါအတိုင်းခွဲခြားကာ နေ့အလိုက်အမည်မှည့်ကြသည် မှာ လူများသာမက ရဟန်းသာမဏေများကိုပါလွမ်းမိုးလျက် ရှိသည်။မွေးနံအလိုက်အမည်မှည့်လျှင်တနင်္ဂနွေသားဆို ချမ်း သာမယ်၊တနင်္လာသားဆို ခွန်အားကြီးမယ်၊အင်္ဂါသားဆို ဥစ္စာရ မယ်၊စသဖြင့်အကောင်းတွေချည်းတွေရသည်။နေ့နံအလိုက်အ မည်ပေးခြင်းသည်အလွန်လွယ်ကူသဖြင့်လူတိုင်းနီးပါး အမည် ပေးကြသည်။မိမိတို့ပတ်ဝန်းကျင်တွင်နေ့နံအလိုက်အမည်ပေးထား သောလူတွေဘယ်နှစ်ယောက်ချမ်းသာပါသနည်း လက်ချိုးရေတွက် ၍ပင်ရသည်။ဆင်ရဲတဲ့သူတွေကတော့အနန္တပင်။သာသနာပြင်ပ ဗြဟ္မဏ၀ါဒီရဟန်းတို့သည် “အစမွေးနံအရင်းခံ ဘုန်းကံတိုးတတ်လှ” “မွေးနေ့သောကြာ၊တနင်္လာကေသာဆံညှပ်မပြုအပ်” “သက်ဦးသက်နှောင်းမယူကောင်း”“သောကြာရေကြောင်းမသွားကောင်း” စသဖြင့်ထင်ရာမြင်ရာဆိုရိုးစကားများရေးခဲ့ကြတာတွေကို ယနေ့လူငယ်များယုံကြ လျှက်ရှိကြသည်။အမှန်စင်စစ်တွင်မူ ဂြိုလ်ကြီးရှစ်လုံးသည်လူတို့၏ကံကြမ္မာကိုမည်သို့မျှဖန်းတီးပိုင်ခွင့် မရှိပါ။ ၎င်းတို့ဖာသာ ၎င်းတို့၏ပတ်လမ်းအတိုင်းသာသွားလာနေကြ သည်။မြတ် စ္စာဘုရားက သတ္တ၀ါတို့သည် ၎င်းတို့၏ ကံ၊ဥာဏ်၊၀ီရိယ နှင့်အတိတ်က ပြုခဲ့ဘူးသော ကုသိုလ်၊အကုသိုလ်တို့ကသာ သတ္တ၀ါ တို့၏ကံကြမ္မာကိုဖန်းတီး၏လို့မိန့်တော်မူခဲ့သည်။အမည်နာမများသည်အရေး မကြီးပါ။”ဓမ္မသောကအင်းဝရာဇာ”ဖြစ်နေသောချစ်သူများ မည်သည့်ယထယာ မျှမလိုယူကောင်းပါသည်။ယထရာသည် စိတ်ဓါတ်မြှင့်တင်ရေးနည်းလမ်းသာ ဖြစ်ပါသည်။ 12:10 am 21.11.2007 |
posted by TharHla at 11:20 PM
