Sunday, March 11, 2007
အပြစ်မတင်ရက်တော့ပါ
ခရေပင်လမ်းမပေါ် . . . ဒုက္ခတွေ ထမ်းပိုး၊ သောကကိုဖိနပ်လုပ်စီး အလွမ်းတွေရင်ထဲကောက်ထဲ့ပြီး နင်နဲ့ငါမဆုံနိုင်တဲ့လမ်းတွေလျှောက်နေတုန်း ရင်ဘတ်ထဲကအလွမ်းတွေ လရောင်ဆမ်းတဲ့လမ်းမပေါ် ပြန်အန်ထွက်ကျလို့ပြန်ကော်ထဲ့ရတာလည်း အခါခါပါပဲ ကလေးရယ် . . . . . . ငါအသည်းနှလုံးစုတ်ပြတ်သတ်သွားတာ ဘယ်သူ့ကြောင့်လဲလို့ ခုံရုံးဖွဲ့ပြီးစစ်ဆေးတော့ ငါ့ခေါင်းပေါ်က အိုဇုန်းလွှာ ကြီးတောင် ပေါက်သေးတာ ငါ့အသည်းနှလုံးနုနုလေး ပေါက်ပြဲတာ မဆန်းပါဘူးလေ မင်းကြောင့်မဟုတ်ပါဘူး ညီမလေးရယ် . . . . . . အိမ်မက်ကျိုး ခပ်မှိန်မှိန် မျှော်လင့်ချက်တစ်ခုကို ဖက်တွယ်ရင်းနဲ့ပေါ့ မင်းလေးကို မ၀ံမရဲ ချစ်ခဲ့တယ် . . . . မင်းလေးရဲ့ ခင်မင်မှု့တွေကို အတိတ်ကောက်မှားခဲ့တာ အခုမှသိခဲ့ရတယ် ကလေးရယ် . . . . အခုတော့ငါ့ရဲ့ မျှော်လင့်ချက်အိမ်မက်တွေ ပြိုကျပျက်စီး ငါ့ အသည်းနှလုံးတွေ ကြွေ ပြုန်းခဲ့ရပြီ ညီမလေးရယ် . . . . . . . . . သာလှ |
posted by TharHla at 12:22 AM
