Your Ad here ...



Product ...

Services ...

Other things ...



Locations of visitors to this page
Tuesday, March 20, 2007
အချစ်
ညီမလေး.......
မင်းရဲ့မျက်ဝန်တွေအောက်မှာ
ပြားပြားဝပ်ခဲ့ရတဲ့ ငါ့နှလုံးသားကို
ထိန်ချုပ်ဖို့ကြိုးစားရင်း
မင်းလေးကို ပိုင်ဆိုင်ဖို့
မကြိုးစားခဲ့သလို
စွန့်လွတ်ဖို့မလိုတဲ့
အချစ်တွေနဲ့ အဝေးကပဲ
ချစ်နေတော့မယ်လို့
ငါ့ကိုယ်ငါဖြေသိမ့်ရင်း
နှလုံးသား ဒဏ်ရာဗလမွှနဲ့
အောင်မြင်စွာ ဆုတ်ခွာခဲ့တယ်
ညီမလေး..........
Tharhla
Miss You
ညီမလေး....မင်းမရှိတော့
ငါ့အခန်းကျဥ်းထဲ့က
စီးကရက်မီးခိုးငွေတွေကြား
မင်းပုံရိပ်လေးကိုလိုက်ဖမ်နေမိတယ်
အလွမ်းဆိုတာ...
ငါ့လက်ထဲ့ကဆေးလိပ်တိုမီးလို
လွယ်လွယ်နဲ့ငြိမ်သတ်လို့ရတဲ့အရာမှမဟုတ်ဘဲကွယ်....
Let It Be
အဆောင်ဘေးကသစ်ပင်ပေါ်မှာ
ဥသြငှက်ငယ်လေး
ချစ်သူပျောက်လို့
အလွမ်းတေးတွေ သီကျူးနေတဲ့
အသံကြားတိုင်း......
ရင်ထဲ့ကသတိရခြင်းတွေ
တားမနိုင်ဆီးမရ
ပြိုပြိုကျလာလို့
လွမ်းချင်းတွေ ရင်ကွဲမတတ်
ဆိုနေတာ မင်းမကြားဘူး
မသနားဘူး.....
အေးလေ ငါ့မှာတော့........
ချစ်သူပျောက်လို့မှ မဟုတ်ဘဲ
မင်းက တမင်ထားခဲ့တာပဲ
ငါ့ဘ၀နဲ့ ငါရှိပါစေတော့.....
Thar Hla
Failure
မင်းရဲ့အကြည့်စူးစူးတွေနဲ့
ငါ့နှလုံးသားနံရံက
အချစ်တွေပြိုကျလာအောင်
ဖန်တီးပြီး....
မင်းအတွက်ဆို စေတနာတွေ
ရေစီးကမ်းပြိုနဲ့ အရာရာလိုက်ရောခဲ့ပေမဲ့
နောက်ဆုံးတော့.....
မင်းရဲ့အမုန်းတရားတွေအောက်မှာ
ဟတ်တတ်ကွဲ ရင်ဘတ်နဲ့
သတိရခြင်းတွေပဲ့ပိုင်ဆိုင်ခဲ့ရတယ်
ညီမလေးရယ်......
Tharhla