Your Ad here ...



Product ...

Services ...

Other things ...



Locations of visitors to this page
Sunday, March 11, 2007
သူမ
ဒီနေ.လည်း မနေ.ကလိုပဲ
မနေ.ကလည်း ဒီနေ.လိုပဲ
သူမ မုန်းမြဲမုန်းနေဆဲပါပဲ။
တစ်နေ့နေ့ ...
ရင်ထဲ့ကဘောင်ဘင်ခတ်နေတဲ့အလွမ်းတွေ ထိန်းချုပ်ရင်း
ပျင်းစရာနေတွေကို လက်ဆောင်ပေးတတ်တဲ့ လောကကြီးကို မသိမသာကျိတ်ဆဲ
ရင်း.......
လောကပင်လယ်ကြီးမှာ ကမ်းမမြင်လမ်းမမြင် ကူးခတ်ရင်း မေခလာနတ်သမီး
လာကယ်မဲ့နေ့ကိုစောင့်နေရမှာလား........
အေးလေး......တနေ့နေ့တော့ ဗာစကိုဒခါးမားတို့တွေ့ခဲ့တဲ့ ဂွတ်ဟုတ်အငူလေးတော့
ငါအတွက်တွေ့မှာပါ..........
အပြစ်မတင်ရက်တော့ပါ
ခရေပင်လမ်းမပေါ် . . .
ဒုက္ခတွေ ထမ်းပိုး၊ သောကကိုဖိနပ်လုပ်စီး
အလွမ်းတွေရင်ထဲကောက်ထဲ့ပြီး
နင်နဲ့ငါမဆုံနိုင်တဲ့လမ်းတွေလျှောက်နေတုန်း
ရင်ဘတ်ထဲကအလွမ်းတွေ လရောင်ဆမ်းတဲ့လမ်းမပေါ်
ပြန်အန်ထွက်ကျလို့ပြန်ကော်ထဲ့ရတာလည်း အခါခါပါပဲ
ကလေးရယ် . . . . . .
ငါအသည်းနှလုံးစုတ်ပြတ်သတ်သွားတာ
ဘယ်သူ့ကြောင့်လဲလို့ ခုံရုံးဖွဲ့ပြီးစစ်ဆေးတော့
ငါ့ခေါင်းပေါ်က အိုဇုန်းလွှာ ကြီးတောင်
ပေါက်သေးတာ ငါ့အသည်းနှလုံးနုနုလေး
ပေါက်ပြဲတာ မဆန်းပါဘူးလေ
မင်းကြောင့်မဟုတ်ပါဘူး ညီမလေးရယ် . . . . . .

အိမ်မက်ကျိုး
ခပ်မှိန်မှိန် မျှော်လင့်ချက်တစ်ခုကို
ဖက်တွယ်ရင်းနဲ့ပေါ့
မင်းလေးကို မ၀ံမရဲ
ချစ်ခဲ့တယ် . . . .
မင်းလေးရဲ့ ခင်မင်မှု့တွေကို
အတိတ်ကောက်မှားခဲ့တာ
အခုမှသိခဲ့ရတယ်
ကလေးရယ် . . . .
အခုတော့ငါ့ရဲ့
မျှော်လင့်ချက်အိမ်မက်တွေ ပြိုကျပျက်စီး
ငါ့ အသည်းနှလုံးတွေ ကြွေ ပြုန်းခဲ့ရပြီ
ညီမလေးရယ် . . . . . . . . .
သာလှ