Your Ad here ...



Product ...

Services ...

Other things ...



Locations of visitors to this page
Friday, May 18, 2007
မိုက်မဲခြင်း
ရင်ထဲ့က လျံကျလာတဲ့
သတိရခြင်းတွေကို
လူမသိသူမသိအောင် ကမန်းကတန်း
ပြန်ထိုးထဲ့ရင်း.......
ဘုရာစာတွေအော်ကြီးဟစ်ကျယ်ရွတ်
စိတ်ပုတီးကြီးတခြောင်းခြောင်းမည်အောင်စိတ်
ခပ်ညံ့ညံ့ရုပ်ရှင်ကားထဲ့ကလို
အရက်တွေသောက်ပြီး
မင်းကိုမေ့ဖို့ကြိုစားခဲ့တာတွေ
အဟောသိကံဖြစ်ခဲ့ရတယ်။
တစ်ခြုံမကွယ်ပေမဲ့
တစ်မယ်မေ့တတ်တဲ့ ညီမလေးကို
ချစ်ခဲ့မိတာ အဇာတသတ်ထက် မိုက်တဲ့သူက
ငါပဲဖြစ်မှာပါ.....
Tharhla(001)
Donar
ဘယ်ယိမ်းလို့ ညာမှီ
သာခွေယိုင် စံထား
ဆယ်ပလီနှုတ်စကားနဲ့
ဦးသူကို တို့ပေးလ်ုက်မယ်
မကုန်းစတမ်း အပြုံပန်းနဲ့
တို့အရှက်ပန်း.....
TharHla (003)
Hidding Love
သံယောဇဉ်ကြိုး ရစ်နှောင်တိုးကာ
အချစ်များ စွာနဲ့
တည်ထောင်ခဲ့ကြ တူနှစ်ကိုဘ၀၀ယ်
စိတ်လည်းမရွှင် ကိုယ်လက်မသာ
တစ်နေ့သောခါဝယ်
သူကဘယ်လို ငါဘယ်လိုဟု
စကားစစ်ခင်း ယှဉ်ပြိုင်ခြင်းသည်
ထိုစဉ်ဘ၀ အချစ်မည်စွာ ထိုအရာမှာ
ဘယ်သို့ပြေးထွက် ရှာခဲ့ခက်သည်။
TharHla(004)
Alone
ဆည်ဆာချိန်အောက်
ကိုယ်တစ်ယောက်တည်း
ငေးမောရင်း တွေးနေ
ဝေးနေဆဲပါလေ......
သန်ခေါင်ချိန်လည်း
ကိုယ်တစ်ယောက်တည်း
လွမ်မောရင်းတွေးနေ
မျက်ဝန်းထဲ့မှာ ပေါ်နေတဲ့
သူ့ပုံရပ်တွေနဲ့ ဝေးနေရဆဲလေ
နံနက် မိုးသောက် ချိန်ခါရောက်လည်း
ဒီရင်ထဲ့ဝယ် လွမ်းမောနေဆဲ
တစ်ယောက်ထဲ့......
TharHla(005)