Your Ad here ...



Product ...

Services ...

Other things ...



Locations of visitors to this page
Monday, February 4, 2008
မြန်မာပြည်တွင်လုပ်သည်
မြန်မာနိုင်ငံတွင် ထုတ်လုပ်သော (Made in Myanmar) နတ်များ၊
အတွင်း ၃၇ မင်း ၊ အပြင် ၃၇မင်းနတ်များ ကို ဗုဒ္ဓဘာသာပြီးလျှင်
ဒုတိယဘာသာ အဖြစ်ကိုးကွယ်နေကြသည် မှာ ဗုဒ္ဓဘာသာအတွက်
ရင်လေးစရာပင်။ မြန်မာနိုင်ငံတွင် ရိုးရာနတ်များ၊ အခြားနတ်များကို
ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော်ပင် ယနေ့ရှိနေသည်။
အချို့နတ်များသည် အိန္ဒိယနိုင်ငံမှ တိုက်ရိုက် Copy ကူးထားသောနတ်
များဖြစ်သည်။မြန်မာတို့သည် ပုဂံခေတ်တွင် နတ်ပေါင်း ၂၂ ဦး၊ပင်းယခေတ်တွင်
၁ ဦး၊အင်းဝခေတ်တွင် ၉ ဦး၊တောင်ငူခေတ်တွင် ၅ ဦး စုစုပေါင်း နတ်ပေါင်း ၃၇ ဦး
ရှိသည်။ တောင်ငူခေတ်နောက်ပိုင်းတွင် နတ်များဘာကြောင့်ဆက်ပြီး နတ်အသစ်တွေ
ထွက်မလာပါသနည်။ အစိုးရက နတ်ထုတ်လုပ်ခွင့် လိုင်စင်တွေချမပေးတော့လို့တော့လို့လား..?
မြန်မာနတ်တွေသည် ရာဇ၀င်တွင် အစိမ်းသေများဖြစ်သည်။ယနေ့မှာ
အစိမ်းသေတွေ မရှိတော့လို့ လား...။ နတ်ဆရာကြီးတွေ၊နတ်ကတော်တွေ
သိရင်ဖြေပေးပါ။ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း (မှတ်ချက် အပြင် ၃၇ မင်းတွင်
သိကြားနတ်လည်းပါသည်။)နတ်များသည် ပုဂံ ရွှေစည်ခုံဘုရား တံတိုင်း အတွင်းအပြင်
ရှိနတ်များကိုခေါ်ကြသည်။ အဘယ်ကြောင့် ဘုရားတံတိုင်းတွင်နေရာရနေကြသနည်။
နတ်ကိုးကွယ်ကြသူများသည် စိတ္တဇဝေဒနာသည် လူတန်းစားများ၊ အပျော်ကြီးသူများ၊
အလိုကြီးသူများ၊အကြောက်ကြီးသူများဖြစ်ကြသည်။အမှန်စစ်စစ်တွင်တော့
နတ်တို့သည် လူတို့ကို မ စ နိုင်ခြင်းမရှိ၊ လူတို့ကသာ နတ်တို့ကို မ စ နေကြရသည်။
နတ်တို့သည် လူတို့ယုံကြည်ကိုးကွယ်နေချိန်သာ တည်တံနေပြီး လူတို့မကိုးကွယ်လျှင်
နတ်များပျောက်ကွယ်ကုန်ကြသည်။ ထိုသို့ အတွေးမှန် အမြင်မှန်စိတ်ဓာတ်ဖြင့် သုံးသပ်
ဆုံးဖြတ်ကြပါ။ ကိုးကွယ်ရာ အစစ်အမှန်သည် ဘုရား ၊တရား မှတပါးမရှိပါကြောင်း...။