Your Ad here ...



Product ...

Services ...

Other things ...



Locations of visitors to this page
Tuesday, November 27, 2007
Name Baby
အရင်တစ်လောက အစ်မတစ်ယောက်သားကလေးဖွာမြင်လို့
ရန်ကုန်က နာမည်ကြီးဗေဒင်ဆရာတစ်ယောက်ဆီမှာနာမည်
ကင်ပွန်းတပ်ရန် နေ့သင့်နံသင့်အမည်မှည့်ခ ငါးထောင်ကျော်
တောင်ပေးရသတဲ့။အံရော….။
နေ့သင့်နံသင့်အမည်ပေးခြင်းအကြောင်းကိုလေ့လာ
ကြည့်လိုက်တော့……ဟောတွေ့ပါပြီ။ လက်စသတ်တော့
ဗုဒ္ဓဘာသာပြင်ပဗြဟ္မပုဏ္ဏားတို့၏လက်ချက်တွေပါပဲ။၎င်းတို့
ကပဲ နေ့နံအလိုက်အမည်ပေးခြင်း၊ ဇာတာဖွဲ့ခြင်းတို့ကိုတီ
ထွင်ခဲ့ကြတာပါပဲ။ဗြဟ္မပုဏ္ဏားတိုသည်ဂြိုလ်ကြီးရှစ်လုံးသည်
လူတို့၏ကံကြမ္မာကိုဖန်တီးကြသည်ဟုယူဆထားကြသည်။
ဤဂြိုလ်ကြီးရှစ်လုံးတို့သည် မည်သည့်ခေတ်က မြန်မာ
အက္ခရာ များကို ခွဲတမ်းချယူလိုက်သည်မသိ။
က၊ခ၊ဂ၊ဃ၊င…….တနင်္လာ
စ၊ဆ၊ဇ၊စ်၊ည……အဂၤါ
.
.
.
အ…………….တနင်္ဂနွေ
ဖော်ပြပါအတိုင်းခွဲခြားကာ နေ့အလိုက်အမည်မှည့်ကြသည်
မှာ လူများသာမက ရဟန်းသာမဏေများကိုပါလွမ်းမိုးလျက်
ရှိသည်။မွေးနံအလိုက်အမည်မှည့်လျှင်တနင်္ဂနွေသားဆို ချမ်း
သာမယ်၊တနင်္လာသားဆို ခွန်အားကြီးမယ်၊အင်္ဂါသားဆို ဥစ္စာရ
မယ်၊စသဖြင့်အကောင်းတွေချည်းတွေရသည်။နေ့နံအလိုက်အ
မည်ပေးခြင်းသည်အလွန်လွယ်ကူသဖြင့်လူတိုင်းနီးပါး အမည်
ပေးကြသည်။မိမိတို့ပတ်ဝန်းကျင်တွင်နေ့နံအလိုက်အမည်ပေးထား
သောလူတွေဘယ်နှစ်ယောက်ချမ်းသာပါသနည်း လက်ချိုးရေတွက်
၍ပင်ရသည်။ဆင်ရဲတဲ့သူတွေကတော့အနန္တပင်။သာသနာပြင်ပ
ဗြဟ္မဏ၀ါဒီရဟန်းတို့သည် “အစမွေးနံအရင်းခံ ဘုန်းကံတိုးတတ်လှ”
“မွေးနေ့သောကြာ၊တနင်္လာကေသာဆံညှပ်မပြုအပ်”
“သက်ဦးသက်နှောင်းမယူကောင်း”“သောကြာရေကြောင်းမသွားကောင်း”
စသဖြင့်ထင်ရာမြင်ရာဆိုရိုးစကားများရေးခဲ့ကြတာတွေကို
ယနေ့လူငယ်များယုံကြ လျှက်ရှိကြသည်။အမှန်စင်စစ်တွင်မူ
ဂြိုလ်ကြီးရှစ်လုံးသည်လူတို့၏ကံကြမ္မာကိုမည်သို့မျှဖန်းတီးပိုင်ခွင့်
မရှိပါ။ ၎င်းတို့ဖာသာ ၎င်းတို့၏ပတ်လမ်းအတိုင်းသာသွားလာနေကြ
သည်။မြတ် စ္စာဘုရားက သတ္တ၀ါတို့သည် ၎င်းတို့၏ ကံ၊ဥာဏ်၊၀ီရိယ
နှင့်အတိတ်က ပြုခဲ့ဘူးသော ကုသိုလ်၊အကုသိုလ်တို့ကသာ သတ္တ၀ါ
တို့၏ကံကြမ္မာကိုဖန်းတီး၏လို့မိန့်တော်မူခဲ့သည်။အမည်နာမများသည်အရေး
မကြီးပါ။”ဓမ္မသောကအင်းဝရာဇာ”ဖြစ်နေသောချစ်သူများ မည်သည့်ယထယာ
မျှမလိုယူကောင်းပါသည်။ယထရာသည် စိတ်ဓါတ်မြှင့်တင်ရေးနည်းလမ်းသာ
ဖြစ်ပါသည်။

12:10 am 21.11.2007