Your Ad here ...



Product ...

Services ...

Other things ...



Locations of visitors to this page
Monday, February 4, 2008
မြန်မာပြည်တွင်လုပ်သည်
မြန်မာနိုင်ငံတွင် ထုတ်လုပ်သော (Made in Myanmar) နတ်များ၊
အတွင်း ၃၇ မင်း ၊ အပြင် ၃၇မင်းနတ်များ ကို ဗုဒ္ဓဘာသာပြီးလျှင်
ဒုတိယဘာသာ အဖြစ်ကိုးကွယ်နေကြသည် မှာ ဗုဒ္ဓဘာသာအတွက်
ရင်လေးစရာပင်။ မြန်မာနိုင်ငံတွင် ရိုးရာနတ်များ၊ အခြားနတ်များကို
ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော်ပင် ယနေ့ရှိနေသည်။
အချို့နတ်များသည် အိန္ဒိယနိုင်ငံမှ တိုက်ရိုက် Copy ကူးထားသောနတ်
များဖြစ်သည်။မြန်မာတို့သည် ပုဂံခေတ်တွင် နတ်ပေါင်း ၂၂ ဦး၊ပင်းယခေတ်တွင်
၁ ဦး၊အင်းဝခေတ်တွင် ၉ ဦး၊တောင်ငူခေတ်တွင် ၅ ဦး စုစုပေါင်း နတ်ပေါင်း ၃၇ ဦး
ရှိသည်။ တောင်ငူခေတ်နောက်ပိုင်းတွင် နတ်များဘာကြောင့်ဆက်ပြီး နတ်အသစ်တွေ
ထွက်မလာပါသနည်။ အစိုးရက နတ်ထုတ်လုပ်ခွင့် လိုင်စင်တွေချမပေးတော့လို့တော့လို့လား..?
မြန်မာနတ်တွေသည် ရာဇ၀င်တွင် အစိမ်းသေများဖြစ်သည်။ယနေ့မှာ
အစိမ်းသေတွေ မရှိတော့လို့ လား...။ နတ်ဆရာကြီးတွေ၊နတ်ကတော်တွေ
သိရင်ဖြေပေးပါ။ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း (မှတ်ချက် အပြင် ၃၇ မင်းတွင်
သိကြားနတ်လည်းပါသည်။)နတ်များသည် ပုဂံ ရွှေစည်ခုံဘုရား တံတိုင်း အတွင်းအပြင်
ရှိနတ်များကိုခေါ်ကြသည်။ အဘယ်ကြောင့် ဘုရားတံတိုင်းတွင်နေရာရနေကြသနည်။
နတ်ကိုးကွယ်ကြသူများသည် စိတ္တဇဝေဒနာသည် လူတန်းစားများ၊ အပျော်ကြီးသူများ၊
အလိုကြီးသူများ၊အကြောက်ကြီးသူများဖြစ်ကြသည်။အမှန်စစ်စစ်တွင်တော့
နတ်တို့သည် လူတို့ကို မ စ နိုင်ခြင်းမရှိ၊ လူတို့ကသာ နတ်တို့ကို မ စ နေကြရသည်။
နတ်တို့သည် လူတို့ယုံကြည်ကိုးကွယ်နေချိန်သာ တည်တံနေပြီး လူတို့မကိုးကွယ်လျှင်
နတ်များပျောက်ကွယ်ကုန်ကြသည်။ ထိုသို့ အတွေးမှန် အမြင်မှန်စိတ်ဓာတ်ဖြင့် သုံးသပ်
ဆုံးဖြတ်ကြပါ။ ကိုးကွယ်ရာ အစစ်အမှန်သည် ဘုရား ၊တရား မှတပါးမရှိပါကြောင်း...။
Monday, January 21, 2008
ကြယ်စင်လေးရေ
သောတာလမင်းလောက်
မလင်းလက်နိုင်ပေမဲ့
ငါ့ရင်မှာ အနဲ့ငယ်လင်းလက်ခဲ့ရင်တောင်
နေမင်းကြီးရဲ့ ဂုဏ်ရှိန်တွေ
ကျဆုံးပြီ အမည်းရောင်
ခြုံထည်ကြီးခြုံပြီး
ငိုကြွေးနေလောက်ပြီ
ငါတို့နှစ်ယောက်က သံယောဇဉ်ကို
ဖင်ခုထိုင်ပြီး
သူများတွေထွင်ခဲ့တဲ့
ချစ်တယ်ဆိုတဲ့ စကားကို
Copy ကူးပြီးမင်းကိုမပေးချင်းဘူး
ကြယ်လေးရေ......

.
ပြောချင်းတာလေးတွေ
Model မြင့်မြင့် Laptop Computer တစ်လုံး ၊ Handphone တစ်လုံး ရယ်
Internet ရယ်ရှိရင် ဘ၀ကိုငါရောင်ရဲ တယ်။ အခုတစ်လော Internet
သုံးတာ များသွားလို့ ရှိစုမဲ့စု ပိုက်ပိုက်လေးတောင်း လစ်ကုန်းပြီ။ မြန်မာနိုင်ငံ
မှာ Internet သုံးခ တွေတစ်နာရီ 250 ကျပ်လောက်ဆို ကောင်းမယ်။ 500
ကျပ်ဆိုတော့ နဲ့နဲ့တော့ များတယ် Connection ကလည်းမကောင်းတာ
များတယ် ။Internet သုံးရင်းတစ်ခါတစ်လေ အိပ်တောင်ပျော်လောက်တယ် ။
တစ်ခါတစ်လေ Connection မကောင်တော့ ငါ့ဟာ ငါ့ပဲ စိတ်တို ရတော့တာပေါ့။
တာဝန်ရှိသူတွေ Brandwidth တိုးပေရင် မကောင်ပေဘူးလားဗျာ။
အခုတော့ ဒီလိုမဟုတ်ပါပဲ။ Wi Max တွေဘာတွေတောင် ပေးတော့မှာဆိုပဲ။
နောက် Blogs တွေကို သိမ်းကျုံ ပြီး ပိတ်ထားတွေ ပြန်မဖွင့်တော့ဘူးလား။
ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်တဲ့ခေတ်တွေ လွန်ခဲ့ပြီပါပြီဗျာ
ခြေမကောင်း ခြေမ၊ လက်မ မကောင်းလက်မလောက်ပဲ ဖြတ်ပေါ့။ပေါင်းရင်းကနေတော့
ဖြတ်လိုက်ပါနဲ့။
မျှော်လင့်ခြင်းလေး
ကတိစကားတွေကိုတိုင်တည်ကာတည်ရင်း
အကြင်နာသွေမဖျက် မျက်ရည်စက်လက်နဲ့
လက်ပြကာနှုတ်ဆက် အဝေးသို့ထွက်ခဲ့တယ်
စမ်းရေ တမျှအေးမြလှတဲ အနမ်းပွင်လေးတွေ
နွမ်းစေတဲ့ အလွမ်းတွေအဖြစ်ပြောင်းခဲ့တယ်
နှလုံးသားမှာနွမ်းလျ အထီးကျန် အလွမ်းညတွေမှာ
မျက်လုံးတွေကို စုံမှိတ် အိပ်စက်ဖို့ကြိုးစားပေမဲ့
ပုံရိပ်တွေသာ မျက်ဝန်းမှာ
နားတွေကိုပိတ် တိတ်ဆိတ်စွာနေတော့လည်း
သူ့အသံတွေသာ နားစည်မှာ
ခါးသီးညတွေ လွမ်းရက်ရည်ကို ဖြတ်ကျော်ရင်း
နှလုံးသားကတောင်းတ ဆန္ဒလေးတစ်ခုကတော့
ဒို့နှစ်ယောက်အတူ သာယာအေးမြတဲ့
ကမ္ဘာသစ်လေးဆီ.....
ညီပုလေး( Pale`)
Saturday, December 29, 2007
ဆု
ပြိုင်ပွဲတိုင်း ငါဆွတ်ခူးခဲ့တဲ့ ဆုတွေက
ထာဝရအရှုံးဆုတွေပါ ကလေးရယ်
အရှုံးဆိုတာ ငါ့အတွက်တမင်ချန်ထားတဲ့
ဆုလာဘ်တွေလား .....???
Saturn ကငါ့ကို
ပြိုင်ပွဲတွေမှာနောက်ကောက်ကျအောင်
တမင်ဖန်တီးထားတာလား ....???
Aqurious ရာသီဖွား ငါဟာ
Aqurious လို ချစ်ကံခေခဲ့ပြီလား ...???
ညီမလေး . . . . . .
မင်းလေးကိုဆုံးရှုံးခဲ့ရတာ
ငါ့အတွက် နောက်ထပ်ဆုံးရှုံးစရာမရှိတော့အောင်
ထာဝရရှုံးနိမ့်ခဲ့ရတာပါ
ကလေးရယ် . . . .
Friday, December 28, 2007
မင်းအတွက်
မလွမ်းဘူးလို့ ငါထင်ပေမဲ့
နဲနဲတော့ လွမ်းမိတာပဲ
ရင်ထဲကအလွမ်းတွေ ပြည့်ကျပ်လာလို့
စာရွက်ပေါ် ခုန်ပေါက်ပြီး
ဒီကဗျာတွေရေးဖြစ်တာပဲ
ညီမလေး . . . . .
လွတ်သွားတဲ့ငါးကပိုကြီးသတဲ့
ငါ့မှာတော့ မိဘူးတဲ့
ငါးမှ မရှိတာပဲ . . . .
ချစ်တယ်လို့ပြောတဲ့
ယောက်ကျားတိုင်း
အချစ်စစ်လို့မင်းထင်ရင်
တံလျှပ်ကို ရေထင်
ရွှေသင်မင်အလိုက်မှားသလို
မင်းဘ၀လည်း ရေစုန်မျောမှာပဲ
ညီမလေး . . . . . . .
အိမ်မက်ကျိုး
ခပ်မှိန်မှိန် မျှော်လင့်ချက်တစ်ခုကို
ဖက်တွယ်ရင်းနဲ့ပေါ့
မင်းလေးကို မ၀ံမရဲ
ချစ်ခဲ့တယ် . . . .
မင်းလေးရဲ့ ခင်မင်မှု့တွေကို
အတိတ်ကောက်မှားခဲ့တာ
အခုမှသိခဲ့ရတယ်
ကလေးရယ် . . . .
အခုတော့ငါ့ရဲ့
မျှော်လင့်ချက်အိမ်မက်တွေ ပြိုကျပျက်စီး
ငါ့ အသည်းနှလုံးတွေ ကြွေ ပြုန်းခဲ့ရပြီ
ညီမလေးရယ် . . . . . . . . .